​ေရ​ေစာင်း​ထက်ချိန်

​ေရ​ေစာင်း​ထက်ချိန်

ငရဲကလူ​ေတွ
ြပာပူထဲမှာ ငယ်သံကွဲအက် ​ေနရှာတယ်။

ခမ်း​ေြခာက်တယ်
​ေမတ္တာတရား​ေတွ ခမ်း​ေြခာက်တယ်
​ေစတနာ​ေတွ ခမ်း​ေြခာက်တယ်
စာနာစိတ်​ေတွ ခမ်း​ေြခာက်တယ်
ကိုယ်ကျင့်​တရား​ေတွ ခမ်း​ေြခာက်တယ်
​ေရတွင်း​ ​ေရကန် ခမ်း​ေြခာက်တယ်
ရာသီမိုး​ေလ ခမ်း​ေြခာက်တယ်
အမှန်တရား​ေတွ ခမ်း​ေြခာက်တယ်။


လွမ်း​ေလာက်တယ်
မိတ္ထီလာကန်ကို လွမ်း​ေလာက်တယ်
အင်း​ေလး​ကန်ကို လွမ်း​ေလာက်တယ်
အင်လျား​ကန်ကို လွမ်း​ေလာက်တယ်
ဧရာ ချင်း​တွင်း​ စစ်​ေတာင်း​ သံလွင်
ြမစ်​ေရသင်ဖျာ လွမ်း​ေလာက်တယ်။

ကူစမ်း​ပါတဲ့​၊​ လှူတန်း​ပါဟဲ့​
​ေရတစက်က အသက်ြဖစ်တယ်
​ေရတခွက်က ဇီဝြဖစ်တယ်
​ေရတပံုး​ဆို လူြဖစ်မရှံုး​နိုင်​ေတာ့​ဘူး​။

ဘယ်သူ​ေသ​ေသ င​ေတမာရင်
ဘယ်ဝါငတ်ငတ် င​ေတမငတ်ရင်
ဘယ်ဒင်း​ ခမ်း​ခမ်း​ င​ေတမလွမ်း​ရင်
စား​ဝင်အိပ်​ေပျာ်ြကသူ​ေတွ၊​
​ေရဒါနကို
သာဓု မ​ေခါ်လင့်​ကစား​
အကျိုး​ဆယ်ပါး​၊​ လူထုဓား​တို့​ြဖစ်​ေစအံ့​။ ။

​ေမာင်လွမ်း​ဏီ
၁၅ - ၅ - ၂၀၁၀

0 comments:

Post a Comment