​ေြကကွဲစရာ​ေတွထဲမှာ ငါ့​ကိုထား​ခဲ့​

ကမ္ဘာဦး​အစ
အာဒမ် က ဧဝ ကို
​ေထွး​ပိုက်ထား​ခဲ့​သလိုမျိုး​
အိပ်မက်ကို
နင်သယ်​ေဆာင်လာခဲ့​တယ် ။

ဘယ်အရာမှ မတည်ြမဲဘူး​
​ေကျး​ဇူး​ြပုြပီး​ ​ေနာက်ကို
​ေထာင်ဝင်စာ မလာပါနဲ့​

မျက်ရည်​ေပါက်​ေတွက
ငါ့​နှလံုး​သား​ကို တ စ ဆီ ​ေြခွ ။

လွတ်လပ်မှု တန်း​တူညီမျှမှု
ဒီမိုက​ေရစီ နိုင်ငံ​ေတာ်
အသက်စွန့်​သွား​တဲ့​ ရဲ​ေဘာ်
အဲဒီ ​ေအာက်ဆံုး​မှာမှ
အချစ်ဟာ ရှင်သန်တယ်
နင် မငိုပါနဲ့​ ။

နာရီလက်တံ​ေတွက
မျက်ရည်တာရိုး​ ရိုက်ချိုး​ေနြကတယ်၊​
စကား​လံုး​ေတွက
နှုတ်ဖျား​မှာ အလုအယက် ဆွံ့​အ
မျက်လံုး​ တလံုး​က
မျက်လံုး​ တလံုး​ကို ညှို့​ယူဖမ်း​စား​ ။

ဘာမှာဦး​မလဲ
ဟိုး​ အ​ေဝး​ြကီး​က ​ေြပး​လာရသလိုမျိုး​
​ေမာဟိုက် နွမ်း​လျ တိုး​တိမ်တဲ့​ အသံ
ငါ့​ စိတ်ကို မိုင်ကုန်ြမှင့်​တင်လိုက်တယ်
ကျန်း​မာ​ေရး​ကို ဂရုစိုက်
သင့်​ေတာ်မယ့်​လူ​ေတွ့​ရင်
အိမ်​ေထာင်ြပုလိုက်ပါ
စကား​သံအဆံုး​မှာ
သံတခါး​ပိတ်သံနဲ့​အတူ
ရှိုက်သံသဲ့​သဲ့​ရယ်
ကျီး​တအုပ်ြပိုဆင်း​သွား​သံသာ
ငါ့​ဘဝရဲ့​ ​ေနာက်ဆံုး​ ။


0 comments:

Post a Comment